Thursday, January 21, 2021

ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး ပိုင်း(၁)

ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး ပိုင်း(၁) အသက်ရှင်ကျန်ရစ်သောကောင်ကလေး ပရိုက်ဗိတ်ဒရိုက်လမ်း အိမ်နံပါတ် ၄ မှာ ဒါစလေမိသားစုတို့နေထိုင်ကြပါသည်။ သူတို့ဟာ နေ့စဉ်ဘဝကို ပုံမှန်အတိုင်းသာဖြတ်သန်းနေပီး ထူးခြားဆန်းကြယ်တဲ့ ဘယ်ကိစ္ဈမှ သူတို့နဲ့ မပတ်သတ်ဘူးလို့ ယူဆထားသူတွေဖြစ်ပါသည်။ မစ္စတာ ဒါစလေသည် ဂရင်းနစ်လုပ်စီးပွားရေးလုပ်ငန်း၏ ဒါရိုက်တာလူကြီးဖြစ်သည်။ ထိုလုပ်ငန်းက လွန်ပူတွေကိုထုတ်လုပ်ရောင်းချသည်။ သူဟာ ထွားကျိုင်းဝဖြိုးတဲ့ လူတယောက်ဖြစ်၏။လည်ဂုတ်တွေဟာလည်းမရှိသလောက်ပျောက်ဆုံးနေပီးတော့ ကြီးမားတဲ့နှူတ်ခမ်းမွှေးကြီးလဲရှိပါသည်။ သူ့ရဲ့ဇနီး ပတ်ကျူးနီးယားဒါစလေကတော့ ပိန်ပိန်ပါးပါး ဆံပင်က ရွှေရောင်နဲ့ဖြစ်ပါသည်။ လည်ပင်းတွေက သာမန်ထက်ရှည်တဲ့အတွက် ခြံစည်းရိုးကိုကျော်ြ့ပီး အိမ်နီးချင်းတွေကိုချောင်းမြောင်းတဲ့နေရာမှာ အထောက်အကူပေးပါသည်။ ဒါစလေဇနီးမောင်နှံမှာတော့ ရှုမညီးတဲ့သားလေတယောက်ရှိပြီးတော့ ဒက်ဒလီလို့ခေါ်ပါသည်။ ဒါစလေမောင်နှံကတော့ ဒီကလေားလောက်ကောင်းတဲ့ကလေးမရှိဘူးလို့ယူဆထားကြပါသည်။ ဒါစလေမိသားစုဟာ အိမ်နီးချင်းတွေအတွက်တော့ ပုံမှန်မိသားစုအဖြစ်သတ်မှတ်ထားပေမဲ့ သူတို့မှာ ကြီးမားတဲ့လျှို့ဝှက်ချက်တခုရှိနေပါသေးသည်။သူတို့အတွက်ကြောက်စရာအကောင်းဆုံးကိစ္စက ဒီလျှို့ဝှက်ချက်ကို တခြားလူတွေသိသွားမှာပဲဖြစ်ပါသည်။ ပေါ်တာမိသားစုနဲ့ပတ်သတ်ပြီး ပတ်ဝန်းကျင်မသိအောင်လျှို့ဝှက်ထားကြသည်။ မစ္စတာပေါ်တာရဲ့ ဇနီးဖြစ်သူ လီလီပေါ်တာဟာ ပတ်ကျူးနီးယားဒါစလေရဲ့ ညီမအရင်းဖြစ်၏။ သို့သော်သူတို့မတွေ့ဆုံသည်မှာ ကာလတော်တော်ကြာပီးဖြစ်သည်။ တကယ်တန်းမှာ ပတ်ကျူးနီးယားသည်လည်း သူ့တွင် ညီမ မရှိသလိုသာနေသူဖြစ်၏။ ပေါ်တာမိသားစုသည် သူတို့နှင့်မတူသောကြောင့်ဖြစ်သည်။ အကယ် ပေါ်တာမိသားစု သည်လမ်းထဲရောက်လာလျှင် အိမ်နီးချင်းတွေပြောမည့်စကားကိုတွေးမိတိုင်း ဒါစလေတို့ တုန်လှုပ်သွားရသည်။ ပေါ်တာတို့ဇနီးမောင်နှံမှာ သားကလေားတစ်ယောက်ရှိသည်ကို သိ၏။ သို့သော်ထိုကလေးကိုသူတို့မမြင်ဖူးပေ။ ပေါ်တာတို့နဲ့ကင်းကင်းနေခြင်းကြောင့် ထိုကလေးနဲ့ ဒက်ဒလီ မရောမိခြင်းကပင် သူတို့အတွက်ကျေနပ်စရာဖြစ်သည်။ တနေ့သော အင်္ဂါနေ့နံနက်ခင်းတခုမှာ ဒါစလေတို့နိုးထလာခဲ့ကြပါသည်။ ဒီနေ့ဟာလည်းတခြားနေ့တွေလိုပဲ ဘာမှထူးခြားမှုမရှိတဲ့ သာမန်နေ့တနေ့အဖြစ်သာ သူတို့ထင်မှတ်ထားကြသည်။ မစ္စတာဒါစလေသည် အလုပ်သွားရန်အတွက် လည်စညိးကိုရွှေးရင်း သီချင်းသည်နေ၏။ ပတ်ကျူးနီးယားသည်လည်း အော်ဟစ်နေသော ဒတ်ဒလေကိုလိုက်ဖမ်းပြီးကုလားထိုင်အမြင့်ပေါ်ကို မတင်လိုက်၏။ ထိုအချိန်မှာပဲကြီးမားတဲ့အဝါရောင်ဇီးကွက်တစ်ကောင်တသည် ပြူတင်းပေါက်ကို ဖြတ်ပျံသွားသည်ကို ဒါစလေတို့ သတိမမူမိခဲ့ချေ။ ရှစ်နာရီခွဲတော့ မစ္စတာဒါစလေ လက်ဆွဲအိတ်ကိုကောက်ယူပြီး အလုပ်သွားရန်ထွက်ခဲ့၏။ ကားပေါ်တက်ပြီး နံပါတ် ၄ အိမ်မှ မောင်းထွက်လာခဲ့သည်။ လမ်းထိပ်ရောက်တဲ့အချိန်မှာပဲ သူ တစ်စုံတစ်ခုကို သတိပြူမိလိုက်သည်။ ကြောင်တစ်ကောက်မြေပုံကြည့်နေသည်။ တစက္ကန့်လောက်တွေဝေသွားပြီး သူနောက်ပြန်လှည့်ကြည့်လိုက်သည်။ ကြောင်ညိုကြားမ တစ်ကောင် ပရိုက်ဗိတ်ဒရိုလမ်းဒေါင့်မှာ ရပ်နေ၏။ မြေပုံကိုတော့မတွေ့မိချေ။ ဒါဟာမျက်စေ့မှောက်မှားခြင်းသာဖြစ်ရမည်။ သူသည်ကြောင်မကိုစိုက်ကြည့်လိုက်သည်။ ကြောင်မသည်သူ့ကိုပြန်စိုက်ကြည်၏။ သူလမ်းမကြီးပေါ်သို့ကားကိုချိုးကွေ့လိုက်သည်။ ကားနောက်ကြည့်မှန်မှတဆင့် ကြောင်ကိုလှမ်းကြည့်လိုက်သည်။ဒီတစ်ကြိမ်မှာတော့ကြောင်မသည် လမ်းဆိုင်းဘုတ်ကိုဖတ်နေ၏။ ကြောင်တွေ စာဖတ်တတ်မည်လို့တော့သူမထင်ပါ။ မစ္စတာဒါစလေ ခေါင်းကိုခါပြီး ကြောင်ကို စိတ်ထဲမှထုတ်လိုက်သည်။ ဒါဟာထင်ယောင်ထင်မှားဖြစ်ခြင်းသာဖြစ်သည်။ မြို့ထဲသို့ကားကိုဦးတည်လိုက်ချိန်မှာတော့ သူဟာ တခြားဘာကိုမှမတွေးတော့ပဲ ကြီးမားတဲ့ပမာဏနဲ့ မှာယူမဲ့ လွန်ပူတွေအကြောင်းကိုသာ တွေးတောနေတော၏။

Sunday, January 3, 2021

      

Thursday, December 3, 2020

ကမ္ဘာပေါ်က အန္တရာယ်ရှိသောနေရာများ အပိုင်း(၂)

     MADIDI အမျိုးသားဥယာဉ် 

    မာဒီဒီလို့ခေါ်တဲ့ အမေဇုန်မြစ် ချိုင့်ဝှမ်း အထက်ပိုင်း မြောက်အိုလီဗာဒေသမှာ တည်ရှိပါတယ်။ ပီရူးနယ်စပ်နဲ့ ဘရာဇီးနယ်စပ်တို့နဲ့လည်း နီးကပ်စွာတည်ရှိပါတယ်။ ဒီဒေသဟာ ပြန်လည်ထိန်းသိမ်းရေးဒေသလဲဖြစ်ပါတယ်။ မာဒီဒီလို့ခေါ်တဲ့ ဒီဒေသဟာ သာယာလှပတယ်လို့ထင်ရပေမဲ့ အန္တရာယ်အလွန်များတဲ့ဒေသလဲဖြစ်ပါတယ်။ အကြောင်းကတော့ ဒီဒေသမှာ အဆပ်အပြင်းဆုံးဆိုတဲ့မြွေတွေ၊ လူကိုရန်မူတတ်တဲ့ တိရစ္ဆာန်တွေ များစွာရှိလို့ပဲဖြစ်ပါတယ်။ ဒီဥယျာဉ်ထဲမှာပေါက်ရောက်နေတဲ့ အပင်တွေဟာလည်း လူတွေကိုအဖုအပိန့်တွေ အကြီးကြီးဖြစ်စေပီး မူးမော်အော့အန်စေတတ်ပါတယ်။

    ထိခိုက်ဒဏ်ရာသေးသေးလေးရရင်တောင်မှ အပူပိုင်းဒေသရဲ့ ကပ်ပါးကောင်းတွေ ကူးစက်ခြင်းကို ခံရနိုင်ပါသေးတယ်။ လာရောက်လည်ပတ်မဲ့လူတွေဟာလဲ မြွေတွေ ကျားတွေ ကျားသစ်တွေ ဝက်ဝံတွေရဲ့တိုက်ခိုက်တာကို ခံရနိုင်ပါသေးတယ်။ အဓိက အန္တရာယ်အရှိဆုံးကတော့ တောဝက်ရိုင်းတွေပဲဖြစ်ပါတယ်။ တောဝက်ရိုင်းတွေကလာရောက်လည်ပတ်တဲ့လူတွေကို သတ်ဖြတ်လေ့ရှိပါတယ်။

    Bikini Atoll, The mashall Island

    ဘစ်ကနီအက်တောလို့ခေါ်တဲ့ ဒီကျွန်းဟာ ပစိဖိတ် သမုဒ္ဒရာရဲ့ ကျယ်ပြောလှတဲ့ မာရှယ်ကျွန်းစုတွေထဲက တခုအပါအဝင်ဖြစ်ပါတယ်။ ဒီကျွန်းဟာ ထူးခြားဆန်းပြားတဲ့ ဒေသအဖြစ်လာရောက်လည်ပတ်သူတွေအကြား အချိန်အတော်ကြာအောင်ရေပန်းစားခဲ့ပါတယ်။အခုအချိန်မှာတော့ ဘစ်ကနီအက်တောကျွန်းစုဟာ အလွန်အင်မတန်မှ အန္တရာယ်ကြီးလာပီဖြစ်ပါတယ်။ ဒီကျွန်းဟာ နတ်ဘုံနတ်နန်းသဖွယ်ကြီးကျယ်လှပပါတယ်။ ဒါပေမဲ့ ဒီကျွန်းမှာ နူကလီးယား စမ်းသပ်မှုတွေ အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ကြပါတယ်။ ဒီကျွန်းဟာ အလှတွေနဲ့ လွှမ်းခြုံနေပေမဲ့ တက်ယတော့ ရေဒီယိုသတ္တိကြွဓါတ်တွေဟာ ပြည့်နှက်လို့နေပါပီ။ ဒီဒေသမှာ ရှင်သန်ကျက်စား နေတဲ့ တရီစ္ဆာန်တွေဟာလည်း သူတို့ရဲ့ အသိုက်အမြုံတွေကို စွန့်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ရေဒီယိုသတ္တိကြွမှုတွေ အစမတန်မြင့်တက်နေခြင်းဟာ လူသားတွေကို ကင်ဆာရောဂါအပြင်တခြားပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေကိုပါဖြစ်စေနိုင်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ The 8 လို့ခေါ်တဲ့ အဖွဲဟာ စစ်ရေးလေ့ကျင့်မှုတွေအပြင် တခြားစမ်းသပ်မှုတွေ ၆၅ ခုကျော်လောက်အထိပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျွန်းဟာ သက်ရှိဇီဝမျိုးစိတ်တွေအတွက်တော့ အန္တရာယ်အလွန်ကြီးမားတဲ့ ဒေသတစ်ခုအဖြစ်ကျန်ရှိနေပါတယ်။

    Elephant Kingdom 

    ထိုင်းနိုင်ငံမှာရှိတဲ့ Elephant Kingdom ဟာ မိချောင်းများစွာကိုမွေးမြူထားတဲ့ မွေးမြူရေးခြံကြီးတစ်ခုဖြစ်ပါတယ်။ ဒီခြံပိုင်ရှင်ဟာ လာရောက်လည်ပတ်သူတွေအတွက် တဝက်ထိဖုံးအုပ်ထားတဲ့ ဖောင်များကိုဌားရမ်းရန်စီစဉ်ပေးထားပါတယ်။ ဒီဖောင်တွေပေါ်ကတဆင့် လာရောက်လည်ပတ်သူတွေဟာ မိချောင်းတွေကို မြင်တွေ့နိုင်ပြီး အစာလဲကျွေနိုင်မှာဖြစ်ပါတယ်။ ဒီဖောင်တွေကို သံဇကာတွေ ပလက်စတစ်တွေနဲ့ တဝက်ထိကာရံထားပြီး အမိုးများလဲ တတ်ဆင်ပေးထားပါတယ်။ လာရောက်လည်ပတ်သူတွေအတွက် မိချောင်းတွေကိုအစာကျွေးရန် ငါးမျှားချိတ်များလဲစီစဉ်ထားပေးပါတယ်။ 



Friday, November 27, 2020

ကမ္ဘာပေါ်က အန္တရာယ်ရှိသောနေရာများ အပိုင်း(၁)


    လူသားတွေနေထိုင်တဲ့ ဒီကမ္ဘာကြီးထဲက တချို့နေရာတွေဟာ အလွန်ပဲလှပသလို အလွန်ကြောက်စရာကောင်းပြီး လူသားတွေကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတွေလည်းရှိပါတယ်။ ဒီအထဲကမှ အန္တရာယ် အလ
ွန်ကြီးမားတဲ့ နေရာတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်

    Death Valley (USA)

    ဒီနေရာကတော့ အပူချိန် ၅၆ ဒီဂရီဆဲဆီးရပ်ရှိပြီး ကမ္ဘာပေါ်မှာ အပူချိန်အမြင့်ဆုံးနေရာဒေသအဖြစ် စံချိန်ချိုးထားပါတယ်။ လူတယောက်ဟာ ဘယ်လောက်ပဲ ကြံ့ခိုင်နေပါစေ ဒီဒေသရဲ့ ခြစ်ခြစ်တောက်ပူနေတဲ့ နေလုံးကြီးရဲ့ အပူရှိန်ကြောင့် ခဏအတွင်းမှာပဲ ပင်ပန်းနွမ်းနယ်သွားစေနိုင်ပါတယ်။ လူတစ်ယောက်ဟာရေမရှိပဲ ဒီဒေသမှာ ၁၄ နာရီပဲ အသက်ရှင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်လူကိုအန္တရာယ်ပေးနိုင်တဲ့ အလွန်အန္တရာယ်များတဲ့ ခလောက်မြွေတွေ ကင်းမြှီးကောက်တွေနဲ့ ပင်ကူနက်အကြီးစားတွေလဲ ရှင်သန်နေထိုင်ကြပါတယ်။ ဒါကြောင့် ဒီဒေသကို ကမ္ဘာပေါ်က အန္တရာယ်ရှိတဲ့နေရာတွေထဲက နေရာတခုအဖြစ်သတ်မှတ်ထားပါတယ်။

    Danakill Desert (Eritrea)



    ဒီဒေသကတော့ အယ်ရီထရီယာ နယ်စပ်အနီး အီသီယိုးပီးယား ဒေသတဝိုက်မှာ တည်ရှိပါတယ်။ ဒီဒေသရဲ့ ရာသီဥတုကလည်း အလွန်ဆိုးရွားတဲ့ ရာသီဥတုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုဆိုးရွားတဲ့ ရာသီဥတုကို ကြံ့ကြံ့ခံရင်း နေထိုင်တဲ့လူတွေလဲရှိပါသေးတယ်။ ဒီဒေသမှာနေထိုင်တဲ့ သူတွေကတော့ သူတို့ ဒေသကို ငရဲရဲ့ တံခါးဝလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီသဲကန္တာရဟာ အီသီယိုးပီးယားမှာ ကြောက်စရာအကောင်းဆဲုးနေရာဒေသတစ်ခုဖြစ်ပီး အလွန်တရာပူပြင်းခြောက်သွေ့ပါတယ်။ ဒီဒေသရဲ့ ကြောက်စရာအကောင်းဆုံးကတော့ အဆိပ်ဖြစ်စေတဲ့ ဆားငန်ရေကန်တွေပဲဖြစ်ပါတယ်။ အဲ့ဒီဆားငန်ရေကန်တွေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှုနှုံးဟာ အလွန်များပြားပါတယ်။ ဒီလို ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုနှုံးများပြားတာကြောင့် ဒီဆားငန်ရေကန်တွေပ်ါက ဖြတ်ပြန်တဲ့ ငှက်တွေဟာ အသက်ရှူကြပ်ပီး သေဆုံးတဲ့အထိဖြစ်စေပါတယ်။ ကာဗန်ဒိုင်အောက်ဆိုဒ်တွေဟာ လူသားတွေအပေါ်မှာလည်း သက်ရောက်မှုကြီးမာပါတယ်။ ဒီလိုဆိုးရွားပီး ကြောက်စရာကောင်းတဲ့ဒေသကို လာရောက်လည်ပတ်သူတွေလဲရှိကြပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေကတော့ ကျွမ်းကျင်တဲ့ လမ်းပြမပါပဲ လာရောက်မလည်ပတ်ကြဖို့ တားမြစ်ထားပါတယ်။


    Mount Washington (USA)



    ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးတောင်ငယ်တစ်ခုအဖြစ်ထင်ရှားပြီး အမြင့်ပေ (၆၂၈၈)ပေမြင့်ပါတယ်။ ဒီဒေသဟာ လေတိုက်ခတ်နှုန်း အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ နှစ်စဉ် ဧပြီလမှာ လေတိုက်ခတ်နှုန်းဟာ တစ်နာရီကို ၂၃၁ မိုင်နှုန်းဖြစ်တယ်လို့ မိုးလေဝသဌနာများကဖော်ပြထားပါတယ်။ ဒီလို အင်မတန်မှ ကြောက်စရာကောင်းလှတဲ့ လေတိုက်နှုန်းကြောင့် လူဦးရေ ၁၃၇ ဦးလောက်သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ဒီဒေသရဲ့ အပူချိန်ကလည်း အနှုတ် ၄၀ ဒီဂရီလောက်ကိုကျဆင်းတတ်ပါသေးတယ်။ နှင်းများလဲ ပြင်းထန်စွာကျင်းနေတတ်တာကြောင့် ဒီဒေသကိုရောက်လာတဲ့ လူတွေဟာ ကိုယ်ပူချိန်ရုတ်တရက်ကျဆင်းသွားတတ်ပါတယ်။ ဒီတောင်ကိုတက်ဖူးတဲ့တောင်တက်သမားတွေကတော့ ဒီတောင်ကိုတက်ရတာ ဧဝရက်တောင်ကိုတက်ရတဲ့ ပင်ပန်းမှုနဲ့ တူညီတယ်လို့ဆိုကြပါတယ်။


    Sinabung Volcano (Indinesia)



    ဒီမီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြားကျွန်းမှာတည်ရှိပါတယ်။ ဒီဒေသမှာတော့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ တွေ့ရတတ်ပါတယ်။ဒီလိုပေါက်ကွဲမှုတွေကြောင့် အနီးနားမှာရှိတဲ့ မြို့တွေ ဟာ ချော်ရည်တွေ ပြာတွေနဲ့ဖုန်လွှမ်းခဲ့ရပါတယ်။ ၂၀၁၀၊ ၁၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်များမှာ မီးတောင်ပေါက်ကွဲမှုတွေ များစွားဖြစ်ပေါ်ခဲ့ပါတယ်။    နောက်ဆုံးပေါက်ကွဲခဲ့မှုကတော့ ၂၇ ရက်နေ့ ဖေဖော်ဝါရီလ ၂၀၁၆ ခုနှစ်မှာဖြစ်ပါတယ်။ ထိုပေါက်ကွဲမှုနဲ့အတူ ဓါတ်ငွေ့များ တိမ်လုံးကြီးများ ကျောက်တုံးများနဲ့ ပြာတွေဟာ မီတာ ၂၅၀၀ လောက်အထိကို ပေါက်ကွဲလွင့်စင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာမီးတောင်ပေါင်း ၁၃၀ နီးပါးရှိပါတယ်။ ဒီလိုများပြားလှတဲ့မီးတောင်တွေကြောင့် Ring of Fire လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အင်ဒိုနီးရှားမှာ လတ်တလော မီးတောင်ရှင်သုံးခုရှိတယ်လို့သိရပါတယ်။  


    Snake Island (Brazil)



    ဘရာဇီးမှာရှိတဲ့ Snake Island ဆိုတဲ့ မြွေကျွန်းဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးနေရာတစ်ခုအဖြစ် ကျော်ကြားပါတယ်။ ဒီကျွန်းမှာ အဆိပ်ပြင်းတဲ့ မြွေမြောက်များစွာနေထိုင်လို့ပဲဖြစ်ပါတယ်။ ဒီကျွန်းမှာ အဆိပ်ပြင်းထန်တဲ့ တွင်းအောင်းမြွေတွေ မြွေကြီးတွေ အပြင် အခြား မြွေမျိုးပေါင်းများစွားနေထိုင်ကြပါတယ်။ Snake Island မှာ နေထိုင်တဲ့သူမရှိပါဘူး။ ဒါပေမဲ့ ၁၉၂၀ နှောင်းပိုင်းလောက်အထိ လူသားတွေဟာ အချိန်ခဏတော့လာရောက်လည်ပတ်ကြဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီနှစ်ပိုင်းလောက်မှာပဲ ကျွန်းပေါ်က မီးပြတိုက်စောင့် မိသားစုကို မြွေပွေးတွေရဲ့ ကိုက်သတ်တာကိုခံရပြီးနောက်ပိုင်း မည်သူမှ အခြေချနေထိုင်ခြင်းမရှိတော့ပါဘူး။ ယနေ့မှာတော့ ဒီကျွန်းကိုပြန်လည်ထိန်းသိမ်းဖို့ ကျွန်းနားတစ်ဝိုက်မှာ စွန့်စားသွားလာသူတွေ လာရောက်မလည်ပတ်ရန်အတွက် ရေတပ်သားတွေဟာ မကြာခဏလာရောက်တားမြစ်လေ့ရှိပါတယ်။ 



Sunday, November 4, 2018

Mile 22 (2018 Movie) မြန်မာစာတန်းထိုး

Mile 22 (2018)
 
      2018 မှာထွက်ရှိလာတဲ့ မင်းသားကြီး Mark Wahlberg ပါဝင်ထားတဲ့ Mile 22 ကိုကြည့်ရှုခံစားနိုင်ရန်
Zaio Myanmar Entertainment မှ တင်ဆက်ပေးထားပါတယ်
Download Here>> ဒေါင်းလုပ်ပြုလုပ်ရန်နှိပ်ပါ

Sunday, September 2, 2018


Illang: The Wolf Brigade
ကိုရီးယား အက်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။ 
တောင်နဲ့ မြောက်နှစ်နိုင်ငံပေါင်းစည်းပြီးသွားတဲ့တစ်နေ့  .....
ကိုရီးယားရဲ့ စစ်အင်အားကလည်း ပိုမိုကြီးမားလာခဲ့ပါတယ် ။ ဒါကို လိုလားတဲ့သူတွေရှိသလို 
မလိုလားတဲ့သူတွေလဲ ရှိနေခဲ့ပြန်ပါတယ် ။ မလိုလားတဲ့နိုင်ငံတွေထဲမှာ တရုတ်က ထိပ်ဆုံးက
ပါဝင်ခဲ့ပါတယ် ။ အဲဒီ့နောက်မှာ တရုတ်ဟာ ပုန်ကန်လိုသူ ကိုရီးယားနိုင်ငံသားးတွေကို နောက်ကွယ်ကနေ
ထောက်ပံ့ပေးခဲ့ပါတယ် ။ တဖက်မှာလဲ ကိုရီးယား အုပ်ချုပ်ရေးက ပြသနာပြန်တယ် ။ ဒီပုန်ကန်မှုကို 
စစ်တပ်က အပြတ်မဖြတ်ပဲ လက်သတ်မွေးထားခဲ့ပါတယ် ။ ဒါကို အစိုးရကလည်း သိနေပြန်တယ် ။
ဒါမယ့် မခိုင်လုံတော့ဘာမှလုပ်မရဖြစ်နေခဲ့တယ် ။ အပြန်အလှန် အကွက်ဆင်မှုတွေနဲ့ ဇာတ်ရှိန်
တော်တော်မြင့်တဲ့ကားလေးပါ ။ အက်မင်လည်း အကြိုက်တွေ့ တာနဲ့ မြန်မာစာတန်းထိုးလေး
တင်ဆက်ပေးလိုက်တယ်နော် ။ ကြမ်းလည်းကြမ်း ဇာတ်ရှိန်ကလည်းမြင့် စစ်ပွဲတွေကြားထဲ 
အချစ်လေးပါတွဲလိုက်တော့ .... 

ဘယ်လိုပြောရမလဲ .... Very Good ပေါ့ ....
ဒီမှာဒေါင်းပါ=>  watch and download here