Thursday, December 3, 2020

ကမ္ဘာပေါ်က အန္တရာယ်ရှိသောနေရာများ အပိုင်း(၂)

     MADIDI အမျိုးသားဥယာဉ် 

    မာဒီဒီလို့ခေါ်တဲ့ အမေဇုန်မြစ် ချိုင့်ဝှမ်း အထက်ပိုင်း မြောက်အိုလီဗာဒေသမှာ တည်ရှိပါတယ်။ ပီရူးနယ်စပ်နဲ့ ဘရာဇီးနယ်စပ်တို့နဲ့လည်း နီးကပ်စွာတည်ရှိပါတယ်။ ဒီဒေသဟာ ပြန်လည်ထိန်းသိမ်းရေးဒေသလဲဖြစ်ပါတယ်။ မာဒီဒီလို့ခေါ်တဲ့ ဒီဒေသဟာ သာယာလှပတယ်လို့ထင်ရပေမဲ့ အန္တရာယ်အလွန်များတဲ့ဒေသလဲဖြစ်ပါတယ်။ အကြောင်းကတော့ ဒီဒေသမှာ အဆပ်အပြင်းဆုံးဆိုတဲ့မြွေတွေ၊ လူကိုရန်မူတတ်တဲ့ တိရစ္ဆာန်တွေ များစွာရှိလို့ပဲဖြစ်ပါတယ်။ ဒီဥယျာဉ်ထဲမှာပေါက်ရောက်နေတဲ့ အပင်တွေဟာလည်း လူတွေကိုအဖုအပိန့်တွေ အကြီးကြီးဖြစ်စေပီး မူးမော်အော့အန်စေတတ်ပါတယ်။

    ထိခိုက်ဒဏ်ရာသေးသေးလေးရရင်တောင်မှ အပူပိုင်းဒေသရဲ့ ကပ်ပါးကောင်းတွေ ကူးစက်ခြင်းကို ခံရနိုင်ပါသေးတယ်။ လာရောက်လည်ပတ်မဲ့လူတွေဟာလဲ မြွေတွေ ကျားတွေ ကျားသစ်တွေ ဝက်ဝံတွေရဲ့တိုက်ခိုက်တာကို ခံရနိုင်ပါသေးတယ်။ အဓိက အန္တရာယ်အရှိဆုံးကတော့ တောဝက်ရိုင်းတွေပဲဖြစ်ပါတယ်။ တောဝက်ရိုင်းတွေကလာရောက်လည်ပတ်တဲ့လူတွေကို သတ်ဖြတ်လေ့ရှိပါတယ်။

    Bikini Atoll, The mashall Island

    ဘစ်ကနီအက်တောလို့ခေါ်တဲ့ ဒီကျွန်းဟာ ပစိဖိတ် သမုဒ္ဒရာရဲ့ ကျယ်ပြောလှတဲ့ မာရှယ်ကျွန်းစုတွေထဲက တခုအပါအဝင်ဖြစ်ပါတယ်။ ဒီကျွန်းဟာ ထူးခြားဆန်းပြားတဲ့ ဒေသအဖြစ်လာရောက်လည်ပတ်သူတွေအကြား အချိန်အတော်ကြာအောင်ရေပန်းစားခဲ့ပါတယ်။အခုအချိန်မှာတော့ ဘစ်ကနီအက်တောကျွန်းစုဟာ အလွန်အင်မတန်မှ အန္တရာယ်ကြီးလာပီဖြစ်ပါတယ်။ ဒီကျွန်းဟာ နတ်ဘုံနတ်နန်းသဖွယ်ကြီးကျယ်လှပပါတယ်။ ဒါပေမဲ့ ဒီကျွန်းမှာ နူကလီးယား စမ်းသပ်မှုတွေ အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ကြပါတယ်။ ဒီကျွန်းဟာ အလှတွေနဲ့ လွှမ်းခြုံနေပေမဲ့ တက်ယတော့ ရေဒီယိုသတ္တိကြွဓါတ်တွေဟာ ပြည့်နှက်လို့နေပါပီ။ ဒီဒေသမှာ ရှင်သန်ကျက်စား နေတဲ့ တရီစ္ဆာန်တွေဟာလည်း သူတို့ရဲ့ အသိုက်အမြုံတွေကို စွန့်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ရေဒီယိုသတ္တိကြွမှုတွေ အစမတန်မြင့်တက်နေခြင်းဟာ လူသားတွေကို ကင်ဆာရောဂါအပြင်တခြားပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေကိုပါဖြစ်စေနိုင်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ The 8 လို့ခေါ်တဲ့ အဖွဲဟာ စစ်ရေးလေ့ကျင့်မှုတွေအပြင် တခြားစမ်းသပ်မှုတွေ ၆၅ ခုကျော်လောက်အထိပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျွန်းဟာ သက်ရှိဇီဝမျိုးစိတ်တွေအတွက်တော့ အန္တရာယ်အလွန်ကြီးမားတဲ့ ဒေသတစ်ခုအဖြစ်ကျန်ရှိနေပါတယ်။

    Elephant Kingdom 

    ထိုင်းနိုင်ငံမှာရှိတဲ့ Elephant Kingdom ဟာ မိချောင်းများစွာကိုမွေးမြူထားတဲ့ မွေးမြူရေးခြံကြီးတစ်ခုဖြစ်ပါတယ်။ ဒီခြံပိုင်ရှင်ဟာ လာရောက်လည်ပတ်သူတွေအတွက် တဝက်ထိဖုံးအုပ်ထားတဲ့ ဖောင်များကိုဌားရမ်းရန်စီစဉ်ပေးထားပါတယ်။ ဒီဖောင်တွေပေါ်ကတဆင့် လာရောက်လည်ပတ်သူတွေဟာ မိချောင်းတွေကို မြင်တွေ့နိုင်ပြီး အစာလဲကျွေနိုင်မှာဖြစ်ပါတယ်။ ဒီဖောင်တွေကို သံဇကာတွေ ပလက်စတစ်တွေနဲ့ တဝက်ထိကာရံထားပြီး အမိုးများလဲ တတ်ဆင်ပေးထားပါတယ်။ လာရောက်လည်ပတ်သူတွေအတွက် မိချောင်းတွေကိုအစာကျွေးရန် ငါးမျှားချိတ်များလဲစီစဉ်ထားပေးပါတယ်။ 



0 comments:

Post a Comment