Thursday, January 21, 2021
ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး ပိုင်း(၁)
By Zaylatt Yar at January 21, 2021
No comments
ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး ပိုင်း(၁)
အသက်ရှင်ကျန်ရစ်သောကောင်ကလေး
ပရိုက်ဗိတ်ဒရိုက်လမ်း အိမ်နံပါတ် ၄ မှာ ဒါစလေမိသားစုတို့နေထိုင်ကြပါသည်။ သူတို့ဟာ နေ့စဉ်ဘဝကို ပုံမှန်အတိုင်းသာဖြတ်သန်းနေပီး ထူးခြားဆန်းကြယ်တဲ့ ဘယ်ကိစ္ဈမှ သူတို့နဲ့ မပတ်သတ်ဘူးလို့ ယူဆထားသူတွေဖြစ်ပါသည်။ မစ္စတာ ဒါစလေသည် ဂရင်းနစ်လုပ်စီးပွားရေးလုပ်ငန်း၏ ဒါရိုက်တာလူကြီးဖြစ်သည်။ ထိုလုပ်ငန်းက လွန်ပူတွေကိုထုတ်လုပ်ရောင်းချသည်။ သူဟာ ထွားကျိုင်းဝဖြိုးတဲ့ လူတယောက်ဖြစ်၏။လည်ဂုတ်တွေဟာလည်းမရှိသလောက်ပျောက်ဆုံးနေပီးတော့ ကြီးမားတဲ့နှူတ်ခမ်းမွှေးကြီးလဲရှိပါသည်။ သူ့ရဲ့ဇနီး ပတ်ကျူးနီးယားဒါစလေကတော့ ပိန်ပိန်ပါးပါး ဆံပင်က ရွှေရောင်နဲ့ဖြစ်ပါသည်။ လည်ပင်းတွေက သာမန်ထက်ရှည်တဲ့အတွက် ခြံစည်းရိုးကိုကျော်ြ့ပီး အိမ်နီးချင်းတွေကိုချောင်းမြောင်းတဲ့နေရာမှာ အထောက်အကူပေးပါသည်။ ဒါစလေဇနီးမောင်နှံမှာတော့ ရှုမညီးတဲ့သားလေတယောက်ရှိပြီးတော့ ဒက်ဒလီလို့ခေါ်ပါသည်။ ဒါစလေမောင်နှံကတော့ ဒီကလေားလောက်ကောင်းတဲ့ကလေးမရှိဘူးလို့ယူဆထားကြပါသည်။
ဒါစလေမိသားစုဟာ အိမ်နီးချင်းတွေအတွက်တော့ ပုံမှန်မိသားစုအဖြစ်သတ်မှတ်ထားပေမဲ့ သူတို့မှာ ကြီးမားတဲ့လျှို့ဝှက်ချက်တခုရှိနေပါသေးသည်။သူတို့အတွက်ကြောက်စရာအကောင်းဆုံးကိစ္စက ဒီလျှို့ဝှက်ချက်ကို တခြားလူတွေသိသွားမှာပဲဖြစ်ပါသည်။ ပေါ်တာမိသားစုနဲ့ပတ်သတ်ပြီး ပတ်ဝန်းကျင်မသိအောင်လျှို့ဝှက်ထားကြသည်။ မစ္စတာပေါ်တာရဲ့ ဇနီးဖြစ်သူ လီလီပေါ်တာဟာ ပတ်ကျူးနီးယားဒါစလေရဲ့ ညီမအရင်းဖြစ်၏။ သို့သော်သူတို့မတွေ့ဆုံသည်မှာ ကာလတော်တော်ကြာပီးဖြစ်သည်။ တကယ်တန်းမှာ ပတ်ကျူးနီးယားသည်လည်း သူ့တွင် ညီမ မရှိသလိုသာနေသူဖြစ်၏။ ပေါ်တာမိသားစုသည် သူတို့နှင့်မတူသောကြောင့်ဖြစ်သည်။ အကယ် ပေါ်တာမိသားစု သည်လမ်းထဲရောက်လာလျှင် အိမ်နီးချင်းတွေပြောမည့်စကားကိုတွေးမိတိုင်း ဒါစလေတို့ တုန်လှုပ်သွားရသည်။ ပေါ်တာတို့ဇနီးမောင်နှံမှာ သားကလေားတစ်ယောက်ရှိသည်ကို သိ၏။ သို့သော်ထိုကလေးကိုသူတို့မမြင်ဖူးပေ။ ပေါ်တာတို့နဲ့ကင်းကင်းနေခြင်းကြောင့် ထိုကလေးနဲ့ ဒက်ဒလီ မရောမိခြင်းကပင် သူတို့အတွက်ကျေနပ်စရာဖြစ်သည်။
တနေ့သော အင်္ဂါနေ့နံနက်ခင်းတခုမှာ ဒါစလေတို့နိုးထလာခဲ့ကြပါသည်။ ဒီနေ့ဟာလည်းတခြားနေ့တွေလိုပဲ ဘာမှထူးခြားမှုမရှိတဲ့ သာမန်နေ့တနေ့အဖြစ်သာ သူတို့ထင်မှတ်ထားကြသည်။ မစ္စတာဒါစလေသည် အလုပ်သွားရန်အတွက် လည်စညိးကိုရွှေးရင်း သီချင်းသည်နေ၏။ ပတ်ကျူးနီးယားသည်လည်း အော်ဟစ်နေသော ဒတ်ဒလေကိုလိုက်ဖမ်းပြီးကုလားထိုင်အမြင့်ပေါ်ကို မတင်လိုက်၏။ ထိုအချိန်မှာပဲကြီးမားတဲ့အဝါရောင်ဇီးကွက်တစ်ကောင်တသည် ပြူတင်းပေါက်ကို ဖြတ်ပျံသွားသည်ကို ဒါစလေတို့ သတိမမူမိခဲ့ချေ။ ရှစ်နာရီခွဲတော့ မစ္စတာဒါစလေ လက်ဆွဲအိတ်ကိုကောက်ယူပြီး အလုပ်သွားရန်ထွက်ခဲ့၏။ ကားပေါ်တက်ပြီး နံပါတ် ၄ အိမ်မှ မောင်းထွက်လာခဲ့သည်။ လမ်းထိပ်ရောက်တဲ့အချိန်မှာပဲ သူ တစ်စုံတစ်ခုကို သတိပြူမိလိုက်သည်။ ကြောင်တစ်ကောက်မြေပုံကြည့်နေသည်။ တစက္ကန့်လောက်တွေဝေသွားပြီး သူနောက်ပြန်လှည့်ကြည့်လိုက်သည်။ ကြောင်ညိုကြားမ တစ်ကောင် ပရိုက်ဗိတ်ဒရိုလမ်းဒေါင့်မှာ ရပ်နေ၏။ မြေပုံကိုတော့မတွေ့မိချေ။ ဒါဟာမျက်စေ့မှောက်မှားခြင်းသာဖြစ်ရမည်။ သူသည်ကြောင်မကိုစိုက်ကြည့်လိုက်သည်။ ကြောင်မသည်သူ့ကိုပြန်စိုက်ကြည်၏။ သူလမ်းမကြီးပေါ်သို့ကားကိုချိုးကွေ့လိုက်သည်။ ကားနောက်ကြည့်မှန်မှတဆင့် ကြောင်ကိုလှမ်းကြည့်လိုက်သည်။ဒီတစ်ကြိမ်မှာတော့ကြောင်မသည် လမ်းဆိုင်းဘုတ်ကိုဖတ်နေ၏။ ကြောင်တွေ စာဖတ်တတ်မည်လို့တော့သူမထင်ပါ။ မစ္စတာဒါစလေ ခေါင်းကိုခါပြီး ကြောင်ကို စိတ်ထဲမှထုတ်လိုက်သည်။ ဒါဟာထင်ယောင်ထင်မှားဖြစ်ခြင်းသာဖြစ်သည်။ မြို့ထဲသို့ကားကိုဦးတည်လိုက်ချိန်မှာတော့ သူဟာ တခြားဘာကိုမှမတွေးတော့ပဲ ကြီးမားတဲ့ပမာဏနဲ့ မှာယူမဲ့ လွန်ပူတွေအကြောင်းကိုသာ တွေးတောနေတော၏။
0 comments:
Post a Comment